ရခိုင်မြောက်ပိုင်း ရွာတချို့ ရိက္ခာပြတ်နေ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

Podcast artwork

ရခိုင်မြောက်ပိုင်း ရွာတချို့ ရိက္ခာပြတ်နေ တနင်္ဂနွေမနက်သတင်းများ (၂၁.၀၈.၂၀၂၂) - မေယုတောင်တန်း အနောက်ဘက်ခြမ်း အငူမော်ကနေ မောင်တောမြောက်ပိုင်းအထိ အဝေးပြေး လမ်းမတလျှောက်က ကျေးရွာတွေ ဝင်ထွက် သွားလာခွင့် မပေး စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားလို့ ရိက္ခာပြတ်တောက်နေရတယ်လို့ ဒေသခံတွေပြော - ကုန်ကြမ်းစျေး နာရီနဲ့အမျှ မြင့်တက်နေလို့ မန္တလေးက စားသောက်ကုန်လုပ်ငန်းတွေ အထိနာ၊ လုပ်ငန်းတချို့ရပ်နားထားရ - ပြည်တွင်း အလုပ်အကိုင် ရှားပါးလို့ နိုင်ငံခြားထွက်လိုသူတွေ နိုင်ငံကူးလက်မှတ် ထုတ်ဖို့၊ သက်တမ်းတိုးဖို့ လွယ်ကူလား .. ကိုယ်တွေ့ကြုံရသူရဲ့ ပြောပြချက် - ရုရှားရဲ့ စားသောက်ကုန်နဲ့ ဓာတ်မြေဩဇာတွေ နိုင်ငံတကာ စျေးကွက်ထဲ ဝင်နိုင်ဖို့ ဝိုင်းကူကြပါလို့ ကုလ အတွင်းရေးမှူးချုပ် ဆော်ဩ - ပိတ်ဆို့ခံရတဲ့ အထဲ မပါပေမယ့် ရုရှားစားသောက်ကုန်နဲ့ မြေဩဇာတွေ ပြည်ပထွက်ရေး၊ ငွေချေရေး၊ လိုအပ်တဲ့အာမခံကြေး တင်နိုင်ရေး အခက်အခဲတွေ ရှိနေလို့ နိုင်ငံတကာ စျေးကွက်ထဲ ဝင်လာဖို့ မလွယ် ဖြစ်နေ။ ကမ္ဘာ့ကုန်စျေးနှုန်းကို ပြန်ချနိုင်ဖို့ ဆိုရင် ရုရှားကုန်တွေ စျေးကွက်ထဲရောက်လာဖို့ လိုတယ်လို့ ကုလအတွင်းရေးမှူးချုပ် နှိုးဆော်နေတာဖြစ် ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site